ကြံခင်း ဩဂုတ် ၃
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ် တောင်ပုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝရဉာဏအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက ကြံခင်း-မြန်အောင်မြို့ အဝင်လမ်း မိုင်တိုင်အမှတ်(၄/၅)နှင့်(၄/၆)တွင် ဖူးမြော် ကြိုဆိုကြသည်။
နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ် တောင်ပုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝရဉာဏသည် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါ တော်နေ့) တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံ တော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ် သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီများ ရွှေထီးတော်တင်လှူပူဇော်ခြင်း၊ ရေစက်ချအောင်ပွဲမင်္ဂလာအခမ်းအနားသို့ တက်ရောက် ပူဇော်ပြီး ကြံခင်းမြို့နယ်၊ ကွေ့မကျေးရွာအုပ်စု တောင်ပုံကျောင်းတိုက်သို့ ပြန်လည်ကြွရောက်တော်မူလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ပြန်လည် ကြွရောက်တော်မူလာသော ဆရာတော်ကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ က ဖူးမြော်ကြိုဆိုကြပြီး ကြံခင်းမြို့နယ် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီကင်းစခန်း၌ ခေတ္တရပ်နားစဉ် လှူဖွယ် ဝတ္ထုနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီး သီတင်း သုံးလျက်ရှိသော ကွေ့မကျေးရွာအုပ်စု၊ တောင်ပုံကျောင်းတိုက်သို့ တပည့်ဒါယကာ၊ ဒါယိကာမများက ကြိုဆိုပင့်ဆောင်သွားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)