မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ပြန်လည်ကြွရောက်တော်မူသည့် မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ဆရာတော်အား တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းကြိုဆို

မြန်အောင် သြဂုတ် ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များ အား ရွှေထီး တော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားမှ ပြန်လည်ကြွရောက် တော်မူသည့် မြန်အောင် မြို့ ကြာနီကန်ကျောင်း တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ (ဒီဃဘာဏက၊ ဒီကနိကာယကောဝိဒ) မထေရ်မြတ်အား ယနေ့ ညနေက ဆရာ တော်သံဃာတော်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းကြိုဆိုခဲ့ကြသည်။   

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားမှ မြန်အောင်မြို့သို့ ပြန်လည်ကြွရောက်လာသည့် မြန်အောင်မြို့ ကြာနီကန်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တဣန္ဒာသဘ (ဒီဃဘာဏက၊ ဒီကနိကာယ ကောဝိဒ) မထေရ်မြတ်အား ဆရာတော်သံဃာတော်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများက အင်ပင်မြို့နှင့် တာခွတဲကြီးကုန်း လမ်းဆုံတို့မှ ကားများဖြင့် သွားရောက်ကြိုဆိုကြပြီး ဆရာတော်၏ ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)