သတင်းများ

မောက်မယ်မြို့နယ်တွင် သခွါးသီးစိုက်ပျိုးတောင်သူများ စျေးကောင်းရရှိ
Aug 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်ဒေသများနှင့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက်တွင် တိုင်ထောင်သခွါးသီးစိုက်ပျိုးသည့် တောင်သူမိသားစုဝင်များ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိပြီး စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် အသက် ‌၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ‌အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက မြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာ၌ ပင်လယ်ဒီလှိုင်းမြင့်တက်မှုကြောင့် ပင်လယ်ကမ်းစပ်အနီးရှိ နေအိမ်များ ရွှေ့ပြောင်းခဲ့ရ
Aug 03,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၊ ကုလားရောင်ကျေးရွာ(အောင်မင်းချောင်)အပိုင်းတွင် ပင်လယ်ကမ်းစပ်အနီးရှိ လူနေအိမ်(၃၀)မှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ပင်လယ်ဒီရေလှိုင်း မြင့်တက်ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနိုင်သဖြင့် ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ ကြိုတင်ဖျက်သိမ်းပြီး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ရှိ ဌာနဆိုင်ရာများ မိမိတို့၏ ဆရာဒကာကျောင်းအသီးသီးတွင် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း
Aug 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် တာဝန်ကျရာ ဆရာဒကာကျောင်းများတွင် ဝါဆိုသင်္ကန်းများ အသီးသီးဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း (၄/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း (၄/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ကလေးသူငယ်အရေးကို ဆောင်ရွက်ကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
လားရှိုးမြို့တွင် စားဖိုဆောင်သီးနှံများသာ အများဆုံးရောင်းချသည့် ရေခြံဈေးသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ၏ အဓိကအားထား ရောင်းချရာနေရာဖြစ်လာ
Aug 03,2023
လားရှိုးမြို့တွင် စားဖိုဆောင်သီးနှံများကိုသာ အဓိကထားရောင်းချလေ့ရှိသည့် ရေခြံဈေးသည် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများ၏ အဓိကအားထားပြီး ဈေးရောင်းချရာ နေရာဖြစ်လာသည်။
ငါးသိုင်းချောင်းမြို့ သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်(၁)လုံးလဲကျ
Aug 03,2023
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာတွင်တွင် ယမန်နေ့ ညနေ (၃) နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြာင့် လူနေအိမ် (၁)လုံး ပေါ်သို့ မကျည်းပင်လဲကျမှု့ဖြစ်ပွားကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသထွက် သစ်ကြားသီးများ ဈေးကွက်အတွင်း ဈေးကောင်းရလျက်ရှိပြီး ရောင်းအားကောင်း
Aug 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်နှင့် ချင်းရွှေဟော်ဒေသထွက် သစ်ကြားသီးများ လားရှိုးမြို့တွင် ဈေးကောင်းရလျက်ရှိနေပြီး ရောင်းအားကောင်းလျက် ရှိနေကြောင်း သိရသည်။