မြင်းမူမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်ဖတ်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

မြင်းမူ ဩဂုတ်လ ၄ ရက်

စာဖတ်ရှု့သူများ အချင်းချင်းတွေ့ဆုံ၍ မိမိဖတ်ရှု့လေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့ လစဉ် ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများ ကြည့်ရှု့လေ့လာနိုင်ရန်အတွက် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ဩဂုတ်လ(၄)ရက်နေ့ (နံနက်ပိုင်း)က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေဝါသနာရှင်များကိုယ်စား စာပေဝါသနာရှင် ဦးမြင့်အောင်က မိမိတို့စာပေ ဖတ်ရှုသူဝါသနာရှင်များအနေဖြင့် ပြန်/ဆက်ဦးစီးဌာနရုံး၏ စာဖတ်ဝိုင်းများတွင် လစဉ်တွေ့ဆုံ၍ မိမိသိရှိသည်များကို မျှဝေပေးခဲ့ကြသည့်အတွက် ဗဟုသုတများစွာရရှိကြောင်း၊ ယင်းအတွက် ပြန်/ဆက်ဦးစီးဌာနအပေါ် စာဖတ်သူများကိုယ်စား ကျေးဇူးတင်ကြောင်း‌ ပြောကြားသည်။

ထို့နောက် ပြန်/ဆက်ဦးစီးဌာနက ထုတ်ဝေသည့် ဒို့ကျေးရွာမွေးမြူရေးနည်းလမ်းကောင်းများ စာအုပ်မှတစ်နိုင်တစ်ပိုင် ဘဲမွေးမြူရေးနှင့်ကျရောက်တတ်သည့် ရောဂါများအကြောင်းတို့နှင့် ပါတ်သက်၍ စာပေဝါရှင်ဦးကျော်ဆွေက ဖတ်ကြားဆွေးနွေးရာ စာပေဝါသနာရှင်များက မိမိတို့ ဖတ်ရှုလေ့လာမှတ်သားထားသည့် ဘဲမွေးမြူသည့်စနစ်များ၊ မြန်မာနိုင်ငံဒေသမရွေး မွေးမြူနိုင်သည့် ဘဲကတ် အကြောင်း၊ ဘဲများတွင်ကျရောက်တတ်သည့် ကပ်ပါးပိုး၊ လှေး၊ သန်ကောင်ရောဂါနှင့် ကာကွယ်ဆေးထိုးနှံခြင်း၊ ဘဲဥနှုန်းမှာ ကြက်များထက် ဥနှုန်းကောင်းမွန်ခြင်းကြောင့် ဝင်ငွေပိုမိုရရှိနိုင်ခြင်းတို့နှင့် ပါတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ယင်းနောက်ယခုလအတွင်း ဌာနက ပေးပို့ရောက်ရှိလာသည့် သုတ/ရသစာအုပ်များအား စာပေဝါသနာရှင်များ လေ့လာဖတ်ရှု့နိုင်ရန် စာအုပ်ပြပွဲကို ဆက်လက်ကျင်းပခဲ့သည်။

မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာနသည် ပြည်သူများ၏ အသိပညာဗဟုသုတများ ပိုမိုရရှိရန် ရည်ရွယ်လျှက် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် ပညာပေးဆွေးနွေး တင်ဆက်ပေးလျက်ရှိသည့် (talk show) အစီအစဉ်များအား အပါတ်စဉ်စီစဉ် ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း အခါအားလျှော်စွာ ဝေငှပေးလျက်ရှိသည်။

အောင်စိုးဖေ(မြင်းမူ)