မြင်းခြံ ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အ.ထ.က(၁)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က မီဒီယာဆိုင်ရာသိနားလည်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဌာနစိတ်မှ ဒုတိယရဲမှူး နေလင်းနှင့် ရဲအုပ်ကျော်ဆန်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များ၊ Online လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်သည့် အသိပညာပေးဆိုင်ရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အ.ထ.က(၁)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၇၀)ဦး တက်ရောက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)