မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်းတွင် ဧရာဝတီမြစ်ရေကျဆင်းပြီး မြစ်ရေတိုက်စားသဖြင့် နေအိမ်(၅) လုံးကြိုတင်ပြောင်းရွေ့

မြန်အောင် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့အမှတ်(၁)ရပ်ကွက် မကျီးစုတာကြီးတန်းတွင် ယနေ့နံနက်က ဧရာဝတီမြစ်ရေကျဆင်းပြီး မြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းဘေးအနီးနေအိမ်(၅)လုံး ကြိုတင်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်(၅)လုံး ပြောင်းရွှေ့ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့်အဖွဲ့က သွားရောက်၍ လိုအပ်သည်များပံ့ပိုး ကူညီပြီး ကြိုတင် ရွှေ့ပြောင်းသည့် အိမ်ထောင်စုများအား ဧရာဝတီမြစ်ကမ်းထိန်းလုပ်ငန်း ရှင်းလင်းဆောင်တွင် ယာယီပြောင်းရွှေ့ပေးခဲ့သည်။

ဧရာဝတီမြစ်ရေကျဆင်းပြီး မြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းဘေးအနီးနေအိမ်(၅)လုံးမှ ကျား/မ စုစုပေါင်း (၁၉)ဦး ပြောင်းရွှေ့ခဲ့ရပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရ သည်။

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)