မုံရွာ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၇/၂၀၂၃ ကို သြဂုတ်လ ၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေ သကြီးအနေဖြင့် ရွှေဘိုမြို့တွင် ပေါ်ဆန်းမွှေး၊ ဟုမ္မလင်းမြို့တွင်လက်ဖက်၊ စစ်ကိုင်းမြို့တွင် ငွေထည်၊ အရာတော်မြို့တွင် သနပ်ခါး၊ ကလေးမြို့တွင်နေကြာ၊ ကျောက်မြောင်းမြို့တွင် စဉ့်ထည် ထုတ်လုပ်မှုတို့သည် သက်ဆိုင်ရာဒေသအလိုက် အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဒေသထွက် ကုန် One Region ၊ One Product များဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆည်ရေ သောက်စနစ်ကောင်းမွန်၍ မြေဆီ၊မြေလွှာကောင်းမွန်ပြီး စိုက်ပျိုးရေးအတွက် သင့်လျော်သည့် ရာသီဥတုကြောင့် စပါး၊ ပဲ၊ အခြားသီးနှံများနှင့် နှစ်ရှည်ပင်များကိုလည်း စိုက်ပျိုးအောင်မြင် လျက်ရှိပါကြောင်း၊ ရွှေဘိုပေါ်ဆန်းမွေးသည် အရည်အသွေးကောင်းမွန်၍ နိုင်ငံတကာဈေးကွက်အထိ တင်ပို့ရောင်းချလျက်ရှိပြီး စိုက်ပျိုးချိန်မှ ရိတ်သိမ်း၊ ကြိတ်ခွဲ၊ ထုတ်လုပ်မှုစနစ် တစ်လျှောက်လုံးတွင် နိုင်ငံတကာသက်မှတ် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊
မိမိတို့ တိုင်းဒေသကြီးရှိ ရွှေဘိုစက်မှုဇုန်၊ မုံရွာစက်မှုဇုန်၊ ကလေးစက်မှုဇုန်၊ စစ်ကိုင်း စက်မှုဇုန်များတွင် စိုက်ပျိုးရေးအားအခြေခံသည့် ဆန်စက်၊ ဆီစက်၊ သကြားစက်၊ ကြာဆံ/ခေါက် ဆွဲစက်အစရှိသည့် MSMEs စက်မှုလက်မှုလုပ်ငန်းများမှတဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ် ထုတ်လုပ်နိုင်သည်အထိ ရင်းနှီးမြှုပ်နှံကြရန် လုပ်ငန်းရှင်များအား ဖိတ်ခေါ်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ လုပ်ငန်းများ ဝင်ရောက်မှသာ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံး ဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုလုပ်ငန်း အခြေအနေများနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှုဖြင့် Centig Shwe Bo ,Co., Ltd (ဆန်းတစ်(ဂ်)ရွှေဘို ကုမ္ပဏီလီမိတက်)က မြန်မာ နိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ ဆန်စပါးကြိတ်ခွဲ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး Centig Shwe Bo ,Co., Ltd (ဆန်းတစ်(ဂ်)ရွှေဘို ကုမ္ပဏီလီမိတက်)မှ တာဝန်ရှိ သူများက လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှှင့် လုပ်ငန်းရှင်များက ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များ ပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ (ပြန်/ဆက်)