မိုင်းယောင်းမြို့နယ်တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ရော်ဘာစေးရောင်းချသူများအဆင်ပြေ

မိုင်းယောင်း ဩဂုတ် ၄

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရော်ဘာပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ရော်ဘာစေးရောင်းချသူများ စီးပွားရေးအဆင်ပြေနေကြောင်း သိရသည်။

ရွှေဖြူခေါ် ရော်ဘာစေးကို မိုင်းယောင်းတွင် တစ်ပိုင်တစ်နိုင် စိုက်သူများ၊ စီးပွားဖြစ်စိုက်သူများ ရှိကြောင်း၊ ယခုအခါ ရော်ဘာစေး တစ်ကီလို ကျပ် ၁၀၀၀ မှ ကျပ် ၁၆၀၀ ကျော်ရရှိနေပြီး ရော်ဘာပင် အနည်းအများပေါ်မူတည်၍ ဝင်ငွေရရှိကြောင်း၊ ယခင်နှစ်များတွင် ကျပ် ၈၀၀ မှ ကျပ် ၁၀၀၀ ခန့်သာ ရောင်းချရပြီး ယခုနှစ်တွင် ဈေးကောင်းရနေသဖြင့် ရော်ဘာစိုက်တောင် သူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း