နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစု ပစ္စည်းများပေးအပ်ပွဲကျင်းပ

ကျောက်တန်း ဩဂုတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမာန်၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်ကျော်ဌေး၊ စီမံအဖွဲ့ဝင်(၂)ဦးစိုးမြင့်ကျော်၊ စီမံအဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ဝင်း၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမျိုးသန်း၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်အေးအေးထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့်ဌာနဆိုင်ရာများ ကျေးရွာတောင်သူဦးကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ကျော်ဌေးမှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းမှ မိုးစပါးနှင့်ပတ်သက်ပြီး တောင်သူများသို့ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုပစ္စည်းများ ပေးအပ်ခြင်းနှင့် ပက်သတ်ပြီးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ စိုက်ဧက(၁၆၀၀)အတွက် တောင်သူ(၁၁၇)ဦးအား တစ်ဧကလျှင် ၂ သိန်းနှင့်ညီမျှသော မြေဩဇာ ၃၂၀၀ အိတ်အား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်ဆက်)