နောင်ချို သြဂုတ်လ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန် က ကျောက်ဂူတောရဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျောက်ဂူတောရဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ ဝါဆိုဝါကပ်ကြမည့် ဝါဆိုသံဃာများ၊ သီလရှင်ဆရာလေးများအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်များ၊ဌာနဆိုင်ရာများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ အလားတူ ဌာနဆိုင်ရာများစုပေါင်း၍ ကတီပင်ဘုန်းတော်ကြီးကျောင်းတိုက်၌လည်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်များ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသော ရဟန်း၊ သံဃာ၊ သာမဏေ၊ သီလရှင်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)