စစ်ကိုင်း ဩဂုတ် ၄
စစ်ကိုင်းမြို့၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကြီးမှူး၍ ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဧကဒသမ(၁)ရှိ ကျောင်းသား/ ကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပြွတွင် အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက ကျောင်းသား/ ကျောင်းသူများ ယာဉ်/ လမ်းအသုံးပြုသွားလာကြတဲ့အခါမှာ သက်မှတ်စည်းကမ်းများ သိရှိထားမှသာ လျှင် အန္တရာယ်ဖြစ်ပွားမှု လျော့နည်းနိုင်မှာဖြစ်ကြောင်း၊ သက်မှတ်စည်းကမ်းများ လိုက်နာမှုမရှိဘဲ အန္တရာယ် တစ်စုံတစ်ခု ကျရောက်လာပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ အကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
စစ်ကိုင်းမြို့ အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူ လူရွယ်များ အသိပညာဗဟုသုတများရရှိစေရန် အချက်အခြာကျသည့် လမ်းဆုံများတွင် ဟောပြောဆွေး နွေးပေးခြင်း၊ အဆင်းမြင့်ကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ရပ်ကွက်/ ကျေးရွာတာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း၍ ယာဉ်/လမ်းစည်းဆိုင်ရာများကို စဉ်ဆက်မပြတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေလျှက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)