ကိုကိုးကျွန်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေးကုသပေး

ကိုကိုးကျွန်း သြဂုတ် ၄

သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် နေထိုင်လျက်ရှိသည့် သက်ကြီးအဘိုး၊ အဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်တွင် ရပ်ကွက်များအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းလူမှုအသင်းအဖွဲ့များပူးပေါင်း၍ တစ်အိမ်တက်ဆင်း မော်တော်ယာဉ်ဖြင့် လိုက်လံခေါ်ယူပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ဆေးဝါးနှင့်ကုသရေးလုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီးနှင့်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါအဘိုး၊ အဘွားများအား ကျန်းမာရေးစစ်ဆေးကုသ ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များပေါင်းစပ်ကူညီဆောင်ရွက်ပေးကြသည်။

ကိုကိုးကျွန်းမြို့နယ်အနေဖြင့်လစဉ် လဆန်း ၃ ရက်နေ့တိုင်း အဘိုးအဘွားများအား အိမ်တိုင်ရာရောက်သွားရောက်ခေါ်ယူပြီး မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကိုးကျွန်းပြန်/ဆက်