အိမ်မဲ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က- ၂ ပညာ့ဗိမာန်ခန်းမတွင် အဆိုပါကျောင်း၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ ကျောင်းတွင်းစစ် (A)အဆင့်ရရှိကြသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/မများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင်ကျင်းပသည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက ဂုဏ်ပြုအမှာ စကားပြောကြားပေးခြင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးမောင်မောင်ကြီးနှင့် အ.ထ.က- ၂ ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်က ကျေးဇူးတင်စကားတို့ကိုပြောကြားခဲ့သည်။
ဆက်လက်ပြီး အထက- ၂ ကျောင်း၏ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား/သူများ၊ ကျောင်းတွင်းစစ် (A)အဆင့်ရရှိကြသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ/မ များစုစုပေါင်း (၂၀၀)ဦးခန့်အား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် အထက- ၂ ကျောင်းသား/သူ လေးများက ပညာ့ပန်းခင်းသီချင်း၊ ဇာတိမာန်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး အခမ်းအနားသို့ ဆုရကျောင်းသား/သူ များ၊ ဆရာ/မ များ၊ ကျောင်းသားမိဘများစုစုပေါင်း (၇၀၀)ဦးခန့် တက်ရောက်ခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)