ပြည် သြဂုတ် ၄
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ "ဆုံစည်းရာ" စာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ရှေးဦးစွာ (Book Club) အဖွဲ့နာယက မြို့နယ်ပညာရေးမှူး (ငြိမ်း)ဦးခင်အောင်၊ စာရေးဆရာ ဦးကြည်နှင့် စာရေးဆရာ မောင်မောင်ကြည်သန့်တို့က စာပေရေးရာအကြောင်းများနှင့် စာဖတ်ဝိုင်းရေရှည်တံ့ရေးမုဒိတာစကားများ ပြောကြားသည်။
ထို့နောက် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ မောင်မောင်ကြည်သန့်(ရတနာမြေ)ရေးသားသော "ဘဝစာမျက်နှာများ ၆၇"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး ယင်းစာအုပ်ပါ သုတ/ရသ စာပေအကြောင်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြည်)