တိုက်ကြီး ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂ ရက်နေ့ က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွားကြောင်း သိရသည်။
ထိုသို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့ညနေပိုင်းက တိုက်ကြီးမြို့နယ်ဉက္ကံမြို့အတွင်းရှိ ဆင်ဖြူရှင်ရပ်ကွက် အောင်ချမ်းသာ ၃ လမ်းရှိ လူသွားလမ်းပေါ်သို့ သစ်ပင်လဲပြိုမှုဖြစ်ပွားကြောင်း သတင်းအရ ဉက္ကံနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဉီးစီးမှူး ဉီးတေဇာလင်းဉီးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဉီးတို့က မီးငြှိမ်းသတ်ယာဉ် ၁ စီးနှင့်အတူ အခင်းဖြစ်ပွားရာသို့သွားရောက်ရာ အောင်ချမ်းသာ ၃ လမ်းနှင့် လူနေအိမ်ဘေးအဖီပေါ်သို့ သစ်ကိုင်းဖျားများထောက်ကာ လဲပြိုနေသော လုံးပတ် ၃ ပေခန့် အမြင့် ၂၀ ပေခန့်ရှိ မလေးရှားပိတောက်ပင်အား ခုတ်ထွင်ဖယ်ရှားရှင်းလင်းသည်။
အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များ လဲပြိုမှုဖြစ်စဥ်ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက် )