ကြို့ပင်ကောက် ဩဂုတ် ၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ကျောင်းသားကျောင်းသူလေးများ အသိဉာဏ်ဗဟုသုတများတိုးတက်လာစေရန် အသိပညာပေးလုပ်ငန်းများကို ဘုကြီးကျေးရွာအမကကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဘုကြီးကျေးရွာအမကကျောင်းတွင် အဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ ပုံပြင်စာအုပ်များဖြင့် ပုံပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကလေးငယ်များစိတ်ဝင်တစားလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
အဆိုပါဘုကြီးကျေးရွာ အမက ကျောင်းတွင် ကျောင်းသားကျောင်းသူ ၅၆ ဦးအား ဆရာဆရာမ ၄ ဦးမှပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပြန်ဆက်ရုံးတွင် ကျင်းပပြုလုပ်သော အသိပညာပေး အစီအစဉ်များတွင်လည်း ကျောင်းသားကျောင်းသူများက ဆရာဆရာမများနှင့်အတူ တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)