ကိုကိုးကျွန်းမြို့နယ်၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

ကိုကိုးကျွန်း သြဂုတ် ၄

သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဩဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီတွင် ယင်းမြို့နယ်ရှိ သာသနာ့မဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

ဦးစွာသာသနာ့မဏ္ဍိုင် ကျောင်းဆကာတော်ထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှုရှင်များက ဆရာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက်လှူဒါန်းမှုအစုစုအား ဆရာတော်ထံမှ အနုမောဒနာရေစက်ချ တရားတော်နာယူခဲ့ကြကြောင်း သိရှိရသည်။

ကိုကိုးကျွန်းပြန်/ဆက်