ငပုတောမြို့နယ်၌ စာဖတ်ရှိန် မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့်ကျောင်းများ အရောက် စာအုပ်စာစောင်များ ငှားပေးလျက်ရှိ

ငပုတော သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်သို့၊ ပုသိမ်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ စာပေဖတ်ရှု့သည့် အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile Library Bus ဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ငပုတော)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  စာအုပ်၊စာစောင်များ ငှားပေးခဲ့ကြသည်။

ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ MobileLibraryBus ဖြင့် စာအုပ်စာ‌စောင်များ ငှားပေးကြရာတွင် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရေးနှင့် အချိန်ကုန်လူ မပင်ပန်းရဘဲ  စာအုပ်စာစောင်များ အဆင်ပြေချောမွေ့စွာ ငှားရမ်းဖတ်ရှု့နိုင်ရေးတို့အတွက် သုတ/ရသစာအုပ် စာစောင်များဖြစ်သော ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများ စုံလင်စွာရရှိမည့် စာအုပ်များကို ငှားပေးခဲ့ကြပြီး ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)