ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကျောက်တန်း   ဩဂုတ်   ၄

ရန်တိုင်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသော အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်နှင့် Book Club၊ Women Club၊ Youth club မှ အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန ကျောက်တန်းမြို့နယ် ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်မှ ပါရဂူဂုဏ်ပြုပွဲက အပြန်  ခေါင်းစဥ်ကို အဖွဲ့ဝင်များနှင့်အတူ ဆွေးနွေးပြောကြားခဲ့သည်။   

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေး လစဉ်စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ကျောက်တန်း(ပြန်/ဆက်)