သာပေါင်း ဩဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှ (ကုန်ထုတ် လုပ်ငန်း) ချေးငွေရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ၏ လုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က စတင်၍ သွားရောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်တို့က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် (ကုန်ထုတ်လုပ်ငန်း) ချေးငွေရယူ ဆောင်ရွက်နေကြသည့် ဆီစက်လုပ်ငန်းရှင် ဦးလှိုင်ထွန်း (ဝါဝင်း ဆီစက်) သရက်ကုန်းကျေးရွာအုပ်စု၊ ပေါက်လွှတ်ကျေးရွာ၊ ဦးတင်နိုင်ဝင်း (ရွှေဟင်္သာဆီစက်) ခေနန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာ၊ ဦးဇော်မင်းထိုက် (ထိပ်တန်းဆီစက်) ခေနန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာ၊ ဦးအောင်မျိုးသန့် (စွမ်းသစ် ဆီစက်) ကွင်းပေါက် ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာ၊ ဦးဇော်ကြီး (လင်းလက် ဆီစက်) ကွင်းပေါက်ကျေးရွာအုပ်စု၊ ကွင်းပေါက်၊ ဦးဝေယံနောင် (ပန်းငွေဦး ဆီစက်)၊ ကွင်းပေါက် ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၊ ဦးစိုင်းမျိုးမြတ် (သစ္စာရှင်ဆီစက်) ကွင်းပေါက် ကျေးရွာအုပ်စု၊ လက်ခုပ် ကျေးရွာ၊ ဦးဟန်မြင့် (သီဟရတနာ ဆီစက်) ကွင်းပေါက်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၊ ဦးဟန်ဆွေဦး (ယွန်းပန်းအိမ်ဆီစက်) ဒည်ကုန်း ကျေးရွာအုပ်စု၊ ဂျုံးဂျုံးဂျကျေးရွာများတွင် နေထိုင်လုပ်ကိုင်သူတို့၏ လုပ်ငန်းတိုးချဲ့တိုးတက် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်