သတင်းများ

ဟုမ္မလင်း၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Aug 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးအန္တရယ်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေလယ်(၂)နာရီက ဟုမ္မလင်းမြို့၊ အ.ထ.က(၁)ကျောင်း၊ ဘိုးရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။
ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး
Aug 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီမှ (၁၂)နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ သဘာဝရေပြင်အတွင်း ငါးကောင်ရေ(၂၀၀၀၀၀) ငါးမျိုး စိုက်ထည့်
Aug 05,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာ ဖူလုံစေရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်အတွင်းသို့  ငါးမျိုးစိုက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်  ၉ နာရီအချိန်က နတ်ကင်းကျေးရွာ၊ဦးပွတံတား၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၂၀၄ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Aug 05,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မောက်မယ်မြို့နယ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေး စီမံကိန်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 05,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဒေသအတွင်း ကူးစက်သော ငှက်ဖျားရောဂါကြောင့်သေဆုံးမှုကို“သုည”အထိလျော့ချရန် အမျိုးသားငှက်ဖျား တိုက်ဖျက်ရေး စီမံချက်ပန်းတိုင်များ ရရှိစေရန်၊ ငှက်ဖျားရောဂါကာကွယ်ရေးစီမံကိန်း၏ အကျဉ်းချုပ်နှင့် မြို့နယ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများကို သိရှိစေလိုရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် လူထုအခြေပြုငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပ
Aug 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဖလောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ဖလောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲအခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 05,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော် လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့သည်။
နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ အပြည့်အဝရရှိအောင် အလေးအနက်ထား၍ စည်းကြပ်ကောက်ခံလိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
Aug 05,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။