ကျောက်မဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေး ကျင်းပ

ကျောက်မဲ ဩဂုတ် ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အမျိုးကော်မတီ အတွင်းရေးမှူး ဒေါ်စန်းစန်းရီက ခရိုင်အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန် ၉ ချက်၊ ကျောက်မဲခရိုင်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးနှင့်ပတ်သက်သည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ ကော်မတီဝင်များ၊ တက်ရောက်လာသူများက ‌လုပ်ငန်းဆောင်ရွက်ထားရှိမှုအပေါ် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)