မုံရွာမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မုံရွာ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရဟန်းရှင်လူ ပြည်သူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား အကြိမ်ပြည့်ထိုးနှံနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှ စီမံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီ ခွဲက မုံရွာမြို့ ရွှေစည်းခုံသာသနာ့ဗိမာန်နှင့် မုံရွာတက္ကသိုလ် ဓမ္မာရုံတို့ ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထိုးနှံရမည့်သူများအား အကြိမ်အလိုက် စာရင်းမှတ် တမ်းရေးသွင်းကာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့သည်။

ထို့အပြင် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာ(ထက်၊လယ်၊မူ)ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ၊ အသက်(၁၂)နှစ်မှ(၁၈)နှစ်အထိ၊ သာမဏေနှင့်ကျောင်းသားကျောင်းသူများအား ဇူလိုင်လ (၃၁)ရက်နေမှ စတင်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဩဂုတ်လ(၃)ရက်နေ့အချိန်အထိ စုစပေါင်း(၁၇၃၇)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကာကွယ်ဆေး လာ ရောက်ထိုးနှံကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အားပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)