မိုင်းယန်းမြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းယန်း ဩဂုတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်း၌ ပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အထွေထွေအုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ဩဂုတ်လအတွင်း ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ပတ်သတ်၍ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကျန်းမာရေးဝန်းကြီးဌာနနှင့် ပူပေါင်း၍ ဆောင်ရွက်မည့်  အခမ်းအနားများ၊ စံပြမိခင်နှင့်ကလေးပြိုင်ပွဲများနှင့် ဆုများ ချီးမြှင့်နိုင်ရေး စသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနများနှင့် ချိတ်ဆက်တင်ပြဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး