ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် မွေးမြူရေးခြံနှင့် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
Aug 06,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၈)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ လွယ်အွန့်ကျေးရွာအုပ်စု၊ ညောင်ဖြူကျေးရွာတွင် ဦးကျော်စိုး မွေးမြူထားသော အသားတိုးဝက်ကောင်ရေ(၂၀၀)ခြံ၊ ဥစားကြက်ခြံ၊ မီးမလွတ် ကြက်သားပေါက်ခြံနှင့် အစာစပ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။