ဘိုကလေးမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချပေးနေ
Aug 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပြည်သူများဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာဝယ်ယူစားသုံးနိုင်စေရေးကို ရည်ရွယ်ကာ ဈေးကွက်အတွင်း၌ တစ်ပြည်လျှင် (၃၅၀၀)ကျပ်ခန့် ဝယ်ယူစားသုံးရသည့် ဇီယျာဆန်အား တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချပေးလျက်ရှိသည်။