သတင်းများ

တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင်မိုးစပါးအစေ့ချစက် (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း  သရုပ်ပြပွဲကျင်းပ
Aug 05,2023
တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ် (၂၃) စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ပြူကန်ကျေးရွာတွင် မိုးစပါးအစေ့ချစက် (Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကွင်းအမှတ်(၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ပြုလုပ်သည်။
မရမ်းကုန်းမြို့နယ်၌ သွားတိုက်နည်းစနစ်မှန်ကန်​​စေရေးအသိပညာ​ပေး ​ကွင်းဆင်း​ဆောင်ရွက်
Aug 05,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ် ကျန်းမာ​ရေးဦးစီးဌာနက  သွားတိုက်နည်းစနစ်မှန်ကန်​စေ​​ရေး အသိပညာ​ပေး​ဆောင်ရွက်ခြင်းကို ယမန်​နေ့ နံနက်ပိုင်းက အမှတ်(၇)၊အမှတ်(၈)အ​​ခြေခံပညာမူလတန်း​ကျောင်းများ၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။
မောင်တောမြို့တွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ မိုးစပါးများ ဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ သီဟိုကျွန်းကျေးရွာတွင် မျိုးစပါးစိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 05,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လယ်ယာမြေများအချိန်မှီ ထွန်ယက်ပြီးစီးစေရေး ၊ မိုးစပါးများဆက်လက်စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် ၊ ဒေသဖွံ့ဖြိုးရေး တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကာ သီဟိုကျွန်းကျေးရွာတွင် မျိုးစပါးစိုက်ပျိုးနေမှု ၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား မြေပြင်ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ်အတွင်း ဝါတွင်းကာလတွင် သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 05,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ဝါတွင်းကာလတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ သံဃာတော်များအား ဆွမ်း၊ ဆွမ်းဟင်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာတွင် မိုးစပါးတင်း (၁၀၀) အထက် ထွက်ရှိရေးအတွက် တောင်သူများအား ဓာတ်မြေသြဇာပံ့ပိုးပေးအပ်ပွဲကျင်းပ
Aug 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာတွင် သြဂုတ်(၄)ရက်နေ့၊ နံနက်(၉) နာရီတွင် တောင်သူ ဦးအောင်စိုးလွင်၏ စိုက်ပျိုးပြီးဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်းလယ်၌ကျင်းပပြုလုပ်ခဲ့ရာ မိုးစပါး တင်း(၁၀၀) အထက် ထွက်ရှိ​ရေးစံပြကွက် (၄၅) ဧက ​ဆောင်ရွက်မည့် ​တောင်သူများအား ဓါတ်​​မြေသြဇာ ပံ့ပိုး​ပေးအပ်ခြင်းနှင့် စပါးသက်တမ်းအလိုက် အမှန်တကယ်လိုအပ်သည့်အာဟာရ ​ပေးစွမ်းနိုင်သည့် ဓါတ်​မြေသြဇာ အမျိုးအစားများအား ထိ​ရောက်စွာသုံးစွဲ​ရေး၊ သဘာဝ​မြေသြဇာ နှင့် ဓါတ်​မြေသြဇာ အချိုးကျ ​ရောစပ်ကာ အချိန်ကိုက် သုံးစွဲ​နည်းများကို ​မြေပြင်ကွင်းဆင်း အသိပညာ​ပေး​ဆွေး​နွေးခြင်းများကို ဝန်ထမ်းများမှ ​ဆောင်ရွက်ကြပြီး ​တောင်သူများက သိလိုသည်များ ပြန်လည်​မေးမြန်းကာ မိုးစပါးစိုက်ခင်းများ အားကွင်းဆင်းကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။
ဒူးရင်းဆိပ်ကျေးရွာ ရေဘေးရှောင်ပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Aug 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်လာရာ ရေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းနေပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက (၅)ရက်စာ အခြေခံစားသောက်ကုန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 05,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက လယ်ဝေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း သံတွဲခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်
Aug 05,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကွင်းဆင်းဆောင်ရွက်ကြသည်။