သတင်းများ

မိုးနဲမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ဖြေဆိုအောင်မြင်သူများအား အောင်လက်မှတ်နှင့် စာအောင်ဆုများချီးမြှင့်
Aug 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ၂၀၂၃ ခုနှစ် ဧပြီလက ကျင်းပပြုလုပ်ခဲ့သော (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသော လူငယ်မောင်မယ်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်းနေရာတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ
Aug 08,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မိတ္ထီလာခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကွမ်းရွက်(၁)ပိသာ ငွေကျပ်(၉၀၀၀)မှ(၁၀၀၀၀)ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ
Aug 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေး ကောင်းမွန်ပြီး ကွမ်းရွက်(၁)ပိဿာ ငွေကျပ်(၉၀၀၀)မှ(၁၀၀၀၀)ကျပ် ရောင်းချရဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ကွမ်းရွက်များ ခူးဆွတ်ရောင်းချရာတွင် ကွမ်းခြံကောင်းပါက (၅)နှစ်အထိ (၁၀)ရက်အကြာ တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း  ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။
နတ်မောက်မြို့နယ် န-လက်ခုပ်ပင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများစျေးကောင်းရရှိ
Aug 08,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ဖူးစားပြောင်းများ စျေးကောင်းရရှိကြောင်း စိုက်ပျိုးသူကိုအုန်းလွင်ထံက သိရသည်။
ပေါက်ခေါင်းမြို့ အ.ထ.က(အိုးဘိုကုန်း)၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ကွန်ပျုတာနှင့်အင်္ဂလိပ်စာကားပြောသင်တန်း၊ IP Networking သင်တန်း၊ Logistics & Supply Chain Management သင်တန်းနှင့် ဒီဇယ်စက်ခေါင်း လျှပ်စစ်ပြင်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Aug 08,2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ကွန်ပျုတာနှင့်အင်္ဂလိပ်စာကားပြောသင်တန်း အမှတ်စဉ် (၉/၂၀၂၃) ၊ IP Networking သင်တန်းအမှတ်စဉ် (၇/၂၀၂၃)၊ Logistics & Supply Chain Management သင်တန်း အမှတ်စဉ် (၅/၂၀၂၃)နှင့် ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်းအမှတ်စဉ် (၄၃/၂၀၂၃) တို့ ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပင်လုံမြို့ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသား/ ကျောင်းသူလူငယ်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
သိန္နီမြို့နယ် အတွင်းရှိရပ်ကွက် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ပြည်သူလူထုများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ဆောင်ရွက်ပေးလျက်ရှိသည်။