သတင်းများ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ အမ်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးကွင်းဆင်း ဆောင်ရွက်
Aug 08,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လူမှုရေးရာဝန်ကြီး ဦးစောနိုင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့သည် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက အမ်းခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြသည်။
နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့်ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းနှင့် ပတ်သက်၍ ခရိုင်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃)ကျင်းပ
Aug 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံဖြင့် ဆောင်ရွက်သည့် မိုးစပါးစီမံကိန်းနှင့် ပတ်သက်၍ ခရိုင်အဆင့်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။အစည်းအဝေးသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် စိုက်/တိုး/မြင့်အဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကျိုင်းလပ်မြို့၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစည်းအဝေးပြုလုပ်
Aug 08,2023
ရှမ်းပြည်နယ်(အရှေပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့၀င်များတို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပရဟိတရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် အုန်းသုံးပင်ကျေးရွာရှိ အိမ်ထောင်စု(၁၂၀)အား အခြေခံစားကုန်များ လှူဒါန်း
Aug 08,2023
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အလှူရှင်များလှူဒါန်းသည့် အခြေခံစားကုန်များအား အိမ်ထောင်စု (၁၂၀)ထံသို့ အခမဲ့လှူဒါန်းခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ ကုန်းမဲဇလီကျေးရွာအုပ်စု၊ အုန်းသုံးပင်ကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး   ဟောပြောပွဲကျင်းပ
Aug 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာအုပ်စု၊ ညောင်လွန့် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိ ပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့နယ် အောင်သာယာရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အောင်သာယာရပ်ကွက်ရှိ ဘိုးဘွားရိပ်သာ၌ ဘိုး/ဘွားများမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်ကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်
Aug 08,2023
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ခြင်းအလေ့အထ ကောင်းများရရှိစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ ဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ဆိုင်ရာအသိပ ညာပေးပြပွဲ၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။