သတင်းများ

အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သော မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့
Aug 08,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဩဂုတ်လ(၅)ရက်နေ့မှ ဩဂုတ်လ (၈)ရက်နေ့အထိ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းက အမ်းချောင်းရေနှင့် သယုချောင်းရေ မြင့်တက်လာရာ ရေနစ်မြုပ်နိုင်သော မြေနိမ့်ပိုင်းရပ်ကွက်များရှိ အိမ်ထောင်စုများအား ရေဘေးလွတ်ကင်းမည့်နေရာများသို့ ကြိုတင်ပြောင်းရွှေ့ပေးလျက်ရှိကြောင်းသိရသည်။
ပေါင်မြို့နယ်၌ရေကြီး၊‌ ရေလျှံသည့်ဘေးမှကာကွယ်ရန် ရေမြောင်းများရှိ အမှိုက်များအားဆယ်ယူခြင်းများ ဆောင်ရွက်
Aug 08,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရေကြီး၊‌ ရေလျှံသည့်ဘေးမှ ကာကွယ်ရန် ရေမြောင်းများရှိ အမှိုက်များအား ဆယ်ယူခြင်းများဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ယ‌နေ့နံနက် (၁၁)နာရီက ပေါင်မြို့နယ်အတွင်းရှိ‌ ရေမြောင်းများ၌ အမှိုက်များရှင်းလင်းနေသည့် နေရာများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
သံတွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖုန်းကြိုးပေါ် သစ်ပင်လဲကျ၊ လမ်းပိတ်ဆို့မှုဖြစ်ပွား
Aug 08,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ညနေ ၃ နာရီတွင် အမှတ်(၄)ရပ်ကွက် ဘိုကုန်းပတ်လမ်းရှိ ဖုန်းကြိုးပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းပြီးတောင်ကျရေများတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်းနှင့် ကတ္တရာလမ်းပြိုကျမှုဖြစ်ပွား
Aug 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိရာ ယနေ့မွန်းလွဲ(၂)နာရီတွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများတိုက်စားမှုကြောင့် ပေ(၅၀)ခန့်ရှိ တံတားချဉ်းကပ်လမ်းနှင့် ကတ္တရာလမ်းပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကေ့ာကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ထောင်စု(၃၅)စုအား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ယာယီပြောင်းရွှေ့
Aug 08,2023
ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ နေအိမ်များသို့ ရေများဝင်ရောက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက် ရေဘေးသင့်အိမ်ထောင်စု(၃၅)စုတို့အား ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်း‌ရွေ့‌ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 08,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
ဘားအံမြို့၌ သံလွင်မြစ်ရေ ထပ်မံမြင့်တက်လာမှုကြောင့် ယာယီရေးဘေးကယ်ဆယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်၍ အိမ်ထောင်စုများအား ပြောင်းရွှေ့နေရာချထားပေး
Aug 08,2023
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၈၆၅  စင်တီမီတာသို့ ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်အချို့၌  နေအိမ်များ ရေနစ်မြုပ်လျက်ရှိရာ အဆိုပါရေကြီးမှုကြောင့် မိုးလုံလေလုံအားကစားရုံ၊ ဆိုင်ကလုံးရှပ်တာ၊ ကြားတောရဘုန်းတော်ကြီးကျောင်း၊ ရွှေယာဉ်မျှော်ဘုရား၊ အ-ထ-က(၃)ကျောင်းတို့တွင် ဖွင့်လှစ်ထားပြီး ယနေ့နံနက်ပိုင်းတွင် အမှတ်(၉)ရပ်ကွက် ဝါဆိုဦး၊ ရေကျော်နှင့် ဦးဆောက်ပန်းရုပ်ရှင်ရုံ အနောက်ဘက်နှင့် အမှတ်(၂)ရပ်ကွက်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် စားဖိုဆောင်သီးနှံ (ကြက်သွန်၊ အာလူး) တိုးချဲ့ စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Aug 08,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ သြဂုတ်လ ၇ ရက် ယနေ့နံနက် ၉ နာရီက စားဖိုဆောင်သီးနှံ (ကြက်သွန်၊ အာလူး) တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦတင့်လွင်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အာလူး၊ ကြက်သွန်နီစိုက် တောင်သူများ တက်ရောက်ခဲ့ကြသည်။