သတင်းများ

တနင်္သာရီမြို့-တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ (၁၈ပေ-၅လက်မ)အထိ ရောက်ရှိနေသဖြင့် အိမ်ထောင်စု(၄၆)မှ (၂၃၁)ဦးနှင့် ဌာနဆိုင်ရာရုံးတချို့ ပြောင်းရွှေ့ထားရ
Aug 08,2023
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း မိုးများသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တနင်္သာရီမြို့၏ တနင်္သာရီမြစ်ရေသည့် ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ မြင့်တက်လာပြီး ဩဂုတ်လ ၇ ရက်နေ့ ညနေ၆နာရီအချိန် ဆိပ်ခံတံတားရေမှတ်တိုင်တွင် တိုင်ထွာချက်အရ တနင်္သာရီမြို့စိုးရိမ်ရေအမှတ် (၁၇)ပေထက် (၁ပေ-၅လက်မ)ကျော်လွန်၍ (၁၈ပေ-၅လက်မ)အထိ ရောက်ရှိနေပြီဖြစ်ရာ မြို့နယ်အတွင်း အနိမ့်ပိုင်းနေရာ/ကျေးရွာများတွင် မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(သဲဖြူ)တွင် လူငယ်စကားဝိုင်း ကျင်းပ
Aug 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(သဲဖြူ)တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းကို ပိတောက်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးကျင်းပ
Aug 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က မြန်မာနိုင်ငံလူဦးရေ၏ ခန့်မှန်း(၁၀)ရာခိုင်နှုန်းသည် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရန်နှင့် ၄င်းတို့၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိနိုင်စေရန်ရည်ရွယ်၍ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်လည်းကောင်း
ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ကြည့်ရှုစစ်ဆေး
Aug 08,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရန်နေရာများ စီစဥ်ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Aug 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး  ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ အ.ထ.က(မိုးကြိုး) တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 08,2023
ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ ဗဟုသုတတိုးပွါးရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (မိုးကြိုး) ကျောင်းခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထူးနှင့် တာဝန်ရှိသူများ၊ စာရေးဆရာ ကိုရွှေအောင်သင်းနှင့် အ.ထ.က (မိုးကြိုး)မှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုံလင်စွာတက်ရောက်သည်။
ပေါင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်း ဖွင့်လှစ်
Aug 08,2023
‌မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အုတ်ဘလောက်ရိုက်နည်းသင်တန်းဖွင့်လှစ်ခြင်းကို ကျုံကကျေးရွာတိုက်ကျောင်း၌ ယမန်နေ့နံနက် (၁၁)နာရီကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ရေဘေးသင့်အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်
Aug 08,2023
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုတို့ကြောင့် ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား စားနပ်ရိက္ခာအဆင်ပြေစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။