သတင်းများ

ခိုလမ်မြို့၊ အခြေခံပညာအလယ်တန်း(ခွဲ) ဟိုင်းလိုက်ကျောင်းသို့  Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်း‌ခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ သွားရောက်ဆောင်ရွက်
Aug 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယမန်နေ့နံနက် (၁၁:၃၀)နာရီအချိန် အခြေခံပညာအလယ်တန်း(ခွဲ) ဟိုင်းလိုက်ကျောင်းသို့ သွားရောက်၍ Mobile  Library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းနှင့် နံရံကပ် စာစောင်ပြသခြင်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ပေါ်ရှိ အနိမ့်နေရာများတွင် ရေဝင်ရောက်
Aug 09,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကုတ်ချောင်းရေများ မြင့်တက်ကာ ယမန်နေ့နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းနေရာများတွင် ရေများစတင်ဝင်ရောက်လျက် ရှိကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား/ကျောင်းသူဟောင်းများအဖွဲ့မှ အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပ
Aug 09,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား/ကျောင်းသူဟောင်းများအဖွဲ့မှ နမ္မတူမြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပညာရေးဌာနမှ အငြိမ်းစားဆရာကြီးဆရာမကြီးများအား တစ်လလျှင် တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဩဂုတ်လ (၆) ရက်နေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် သန္တိသစ္စာတရားရိပ်သာ၌ ကျင်းပသည်။
မင်းပြားမြို့နယ်၌ လေးမြို့မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
Aug 09,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယမန်နေ့ထိ လေးမြို့မြစ်ရေ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။
မအီမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်မြေပြိုမှုကြောင့် စာသင်ကျောင်းခြံစည်းရိုး ပေ(၅၀)ခန့်ပျက်စီး
Aug 09,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုများကြောင့် အမှတ်(၁)ရပ်ကွက်၊ မူလတန်းကျောင်းရှိ သွပ်ဆူးကြိုးကာရံထားသော ခြံစည်းရိုးအရှည်ပေ (၃၁၀) ရှိသည့်အနက် ကျောင်း၏အရှေ့ဘက်ရှိ ပေ(၅၀)ခန့်မှာ ယမန်နေ့နံနက်(၁၁)နာရီ အချိန်ခန့်က တောင်မြေပြိုကျမှုများကြောင့် ပျက်စီးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 09,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး သီဟိုကျွန်းကျေးရွာတွင် ဆင်းသုခမျိုးစပါး ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ
Aug 08,2023
မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ဦးမောင်မောင်(မင်းဏီလူ)နှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များစုပေါင်း၍  ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယ‌နေ့နံနက်ပိုင်း စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Aug 08,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၄) တွင် ပါရှိသော “ ပြန်ကြော်ဆီများစားသုံးခြင်းနှင့် ကျန်းမာရေး” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ယနေ့နံနက် ၁၁ နာရီက Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။