ကျိုင်းလပ်မြို့၌ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစည်းအဝေးပြုလုပ်

ကျိုင်းလပ် ဩဂုတ် ၈

ရှမ်းပြည်နယ်(အရှေပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့၀င်များတို့သည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပရဟိတရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မဥ္ဇူသကလူမူကူညီ‌ရေးအသင်းကို အသင်းအဖွဲ့၀င်များ၏ ဆန္ဒအရဖျက်သိမ်းပြီးခဲ့ပြီးဖြစ်‌သော်လည်း ပရဟိတလုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်ရန် အမှန်တကယ်လိုအပ်သည့် ပရဟိတအသင်းအား တရား၀င်ဖွဲ့စည်းနိုင်‌ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် ပရဟိတအသင်း၀င်များ တက်ရောက်လာသူ(၆၇)ဦးရှိပြီး အသင်းအား (၃၁)ဦး ရွှေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

ကျိုင်းလပ်(ပြန်/ဆက်)