၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ ဩဂုတ် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးမြတ်ငြိမ်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးဇော်၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးမှူးဦးဟိန်းထက်နှင့်တာဝန်ရှိသူများက မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် လမ်းလုပ်ငန်း ၅ ခု၊ Box Culvert လုပ်ငန်း ၂ ခု၊ ရေရရှိရေးလုပ်ငန်း ၁ ခု၊ အုတ်စီရေမြောင်းလုပ်ငန်း ၈ ခု စုစုပေါင်း လုပ်ငန်း ၁၆ ခုအား ကြည့်ရှုစစ်ဆေးခဲ့ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က လုပ်ငန်းများဆောင်ရွက်နေသည့် ကုမ္မဏီများအနေဖြင့် အရေအသွေးပြည့်မီရေးနှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)