ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရန် လျာထားသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ကမမောင်း သြဂုတ် ၈

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရန်နေရာများ စီစဥ်ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ကရင်ပြည်နယ်ရှိဒေသများတွင် ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေတက်ရောက်မှုကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိရာ ကမမောင်းမြို့တွင်လည်း ဒေသခံပြည်သူများ နေထိုင်နိုင်ရေးအတွက် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ရန် လျာထားသည့်နေရာ(၃)ခုအား မြို့အုပ်ချူပ်ရေးမှူး ဦးသန်းလင်းဦးဆောင်၍ မြို့မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။  ကမမောင်းမြို့သည် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင်ရှိပြီး မိုးရာသီတွင် သဘာဝဘေးဒဏ်များခံကာ မြို့ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိသည်။

ကမမောင်း(ပြန်/ဆက်)