မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် ဩဂုတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး  ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲကို ကလေးငယ်များ အသိဉာဏ်ပညာ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ဆုရရှိသည့်ကျောင်းသား/ ကျောင်းသူများကို ‌အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(မိုင်းဆတ်)