ရွှေတောင် သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုအရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်တွင်းအခွန်ဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် စပ်လျဥ်း၍အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ပြာခင်က လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်အား ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသောရောင်းချခြင်းနှင့် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်များသိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူး ကပြန်လည်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များ၊ ရွှေနှင့်လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်းရှင်များ၊ ရုပ်သံနှင့်မီဒီယာဝန်ဆောင်မှုပေးသည့်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း (ပြန်/ဆက်)