သရက်မြို့နယ် ကိုးပင်ကျေးရွာ၌ မိုးပဲတီစိမ်း စံကွက်ရိတ်သိမ်း

သရက် ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ကိုးပင်ကျေးရွာ၌ မိုးပဲတီစိမ်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကိုးပင်ကျေးရွာ ကွင်းအမှတ် (၅၂) A ၊ ဦးပိုင်အမှတ် (၅၆) တောင်သူ ဦးခင်မောင်ချို စိုက်ပျိုးထားသည့် ပဲတီစိမ်း (၃.၁၇) ဧက စိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ စုပေါင်း၍ (၀.၁၀) ဧကအရွယ် စံကွက်ရိတ်သိမ်းခဲ့ကြရာ တစ်ဧကအထွက်နှုန်း (၉.၇၇) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

ဇော်ထက် (သရက်)