သတင်းများ

လပွတ္တာခရိုင်၊ စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 09,2023
လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.ထ.က (၃) မိုင်ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ထွက်ကုန်များလွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေးနှင့် ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာချင်းဆက်လမ်း(၃)လမ်း ပြန်လည်ပြုပြင်ပေး
Aug 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက် လမ်း၊ တံတားများ တည်ဆောက်ခြင်း/ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်မျာ
ကော့သောင်းမြို့တွင် ကျောင်းပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားပြုလုပ်
Aug 09,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကော့သောင်းမြို့၊ ပိတောက်‎ရွှေဝါရပ်ကွက်၊ နဝရတ်အားကစားခန်းမတွင် ဩဂုတ်လ(၇)ရက်နေ့ မွန်းလွှဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ လာရောက်အားပေးခဲ့သည်။
(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အ-ထ-က(ရွှေသောင်ယံ) ၌ ကျင်းပ
Aug 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊အ-ထ-က(ရွှေသောင်ယံ)တွင် ယမန်နေ့နံနက် (၉)နာရီ အချိန်က (၂၀၂၃-၂၀၂၄)ပညာသင်နှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲကို ကျင်းပပြု လုပ်ခဲ့ကြသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ထွက် ခရမ်းသီးများဈေးကောင်းရရှိနေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေ
Aug 09,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကိုအခြေခံ၍ အဓိကစီးပွားရေးအဖြစ်အသက်မွေးဝမ်းကျောင်း ပြုကြပြီး ဒေသနှင့် ကိုက်ညီသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးရောင်းချကြရာ ယခု ခရမ်းသီးများ စတင်ခူးဆွတ်ရောင်းချချိန်၌ ဈေးကောင်းရရှိနေ၍ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် အလက(မြောက်ကုန်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 09,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ကျောင်းသား ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် လူရည်မွန်ကောင်းများပေါ်ထွန်းစေရန် ရည်ရွယ်၍ ဩဂုတ် ၇ ရက်၊ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ အ.လ.ကမြောက်ကုန်း ကျောင်းအစည်းအဝေးခန်းမ၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ
Aug 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မောင်ခင်မင်(ဓနုဖြူ)ရေးသားသော "အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး
Aug 09,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ပွင့်ဖြူ)နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး ရှေးဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းစနစ်တကျ ပြုစုစောင့်ရှောက်ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း(၄/၂၀၂၃) သင်တန်းအား ဩဂုတ် ၂ ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးနေကြောင်း ပွင့်ဖြူမြို့နယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဇော်ထံမှ သိရသည်။