သံတောင်ကြီး ဩဂုတ် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းထိုက်နှင့်ဝန်ထမ်းများက သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူအသက်(၁၀)နှစ်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးခြင်း ကိုသံတောင်ကြီးမြို့နယ်တွင် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား နေ့စဉ်ထုတ်ပေးနေခြင်းဖြစ်သည်။
ထိုသို့ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သံတောင်ကြီးမြို့နယ်မှ ဇီဝဆိုင်ရာအချက်အလက်များကို ဇူလိုင်လ (၆)ရက်နေ့မှ (၂၉) ရက်နေ့အထိ ဘုရင့်နောင်တပ်နယ်ရှိ သင်တန်းကျောင်းခန်းမတွင် (၁၃၀၉) ဦး၊ သံတောင်ကြီးမြို့ လက်ဖက်ခြောက်စက်ရုံတွင် ဩဂုတ်လ(၃) ရက်နေ့မှ (၄)ရက်နေ့ အထိ(၇၀)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဩဂုတ်လ(၅)ရက်နေ့မှ(၉)ရက်နေ့အထိ (၁၀၄) ဦးကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
နော်နော်မူ