သရက် ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့မဈေးကြီးအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူ ဦစီးဌာနမှဝန်ထမ်းများက ဈေးအတွင်းရောင်းချနေသည့် ဈေးဆိုင်တန်းမှဆိုင်များမှ ရေစည်ရေအိုးများ ဖုံးအုပ်ပေးခြင်း၊ သောက်ရေအိုများ၊ ရေအိုးရေခွက်များ၊ ပန်းအိုးများအတွင်း ပိုးလောက်လန်းများပေါက်ပွားပြီး ခြင်များဖြစ်ပေါ်လာနိုင်သည့်အတွက် ဘုရားပန်းအိုးများ ရေလဲလှည်ပေးရန် ပြောကြားပေးခဲ့ပြီး ရေအိုး၊ ရေစည်များအတွင်းအဘိတ်ဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးအားလုံး ပါဝင်ဆောင်ရွက်ပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက် (သရက်)