စစ်ကိုင်း ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ (၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးဦးတင်သန်းဝင်းက (၂၄)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အနုပညာရှင်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်ပြိုင်ပွဲအတွေ့အကြုံများအရ တွေ့ရှိရသည့် အခက်အခဲများကို ပြင်ဆင်ဆောင်ရွက် နိုင်ရန်နှင့် ယခုနှစ်ပြိုင်ပွဲတွင်လည်း ဘာသာရပ်မျိုးစုံ၊ အတန်းမျိုးစုံ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ပြိုင်ပွဲဝင်များ များ ရရှိရေး ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြဖို့ လိုအပ်သည်များကိုလည်း ကူညီထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း ၊ အနုပညာရှင်များကလည်း ယခု အချိန်မှစပြီး ရှာဖွေစုဆောင်း လေ့ကျင့်ပေးသွားကြဖို့ ဆွေးနွေးပြောကြားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီးအဆင့် အောင်နိုင် ရေးအတွက် ကော်မတီများဖွဲ့စည်းရာတွင် အမှန်တစ်ကယ် ဆောင်ရွက်နိုင်မည့် ဌာနဆိုင်ရာအကြီး အကဲများဖြင့် ဖွဲ့စည်းသွားကြဖို့ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ အနုပညာရှင်များ က ယခင်နှစ်ပြိုင်ပွဲမှ တွေ့ကြုံရသည့် အခက်အခဲများ၊ လက်ရှိဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးက ပြိုင်ပွဲကြီးရဲ့ လုပ်ငန်းစဉ်များ အောင်မြင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်