မုဒုံမြို့၌ ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ဖြန့်ဖြူးပေး

မုဒုံ သြဂုတ် ၁၀

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝမြေသြဇာများ ဖြန့်ဖြူးခြင်းကို ယမန်နေ့က မြို့မ (၄)ရပ်ကွက်ရှိ စိုက်ပျိုးရေးဂိုထောင်၌ ရောင်းချပေးသည်။

စိုက်ပျိုးရေးသွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာများကို တော်ကူး၊ဘဲရမ်း၊ကွမ်တာကျေးရွာများရှိ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊  အဆင့်မြင့် လယ်ယာစိုက်ခင်း၊ ဗဟိုမျိုးသန့်ခြံ၊ နည်းပညာပေးစံပြစိုက်ကွက်နှင့် အကျိုးဆောင်တောင်သူ စိုက်ခင်းများ ဧက(၅၉၈) ဧကအတွက် တောင်သူဦးရေ (၈၀)ကျော်အား ယူရီးယား ဓာတ်မြေသြဇာ  တစ်အိတ်လျှင် ၃၃၀၀၀ ကျပ်၊ ရွှေဇီဝသဘာဝမြေသြဇာ တစ် အိတ်လျှင် ၄၈၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ဓာတ်မြေသြဇာအိတ်  ၈၉၇  အိတ်ကို  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ကြီးကြပ်၍  ဝန်ထမ်းများမှ တောင် သူများအား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)