ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပန်းတောင်း  သြဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ မိုးစက်ရွှေကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ထားသော ဆေးရုံများနှင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ အ.ထ.က ပန်းတောင်း (၆၀´×၃၀´) Steel Structure (၁)ထပ်ဆောက်လုပ်နေမှုအ​ခြေအနေအားလည်းကောင်း၊ ဖောင်းကန်ရပ်ကွက် အနောက်ပိုင်း ကမ်းနားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေအားလည်းကောင်း၊ အ.ထ.က ဥသျှစ်ပင်( ၉၀'×၃၀')Steel Structure(၁)ထပ်ဆောက်လုပ်နေမှု ၁၀၀% ပြီးစီးမှုအားလည်းကောင်း၊ ဥသျှစ်ပင်တိုက်နယ်ဆေးရုံတွင် RC (၁) ထပ် တိုးချဲ့လူနာဆောင်(၁၀၀%) ဆောက်လုပ်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ ရွှေကျွန်းတော(၃)လမ်းနှင့် ရတနာပုံရပ်ကွက် တောင်ဘက်(၂)လမ်း၊ ကွန်ကရစ်လမ်းခင်းလုပ်ငန်းအားလည်းကောင်း၊ ထုံးဘိုကျေးရွာ ဒူးယားလမ်းကျောက်ချောခင်းခြင်းအားလည်းကောင်း၊ ဖိုးလေးကုန်းကျေးရွာတွင် မူလွန်(၁) ထပ်စာသင်ဆောင်သစ်(၁၀၀%)ပြီးစီးမှုအားလည်းကောင်း အ.မ.က.သဲကော(၆၀'×၃၀') Steel Structure(၁)ထပ်ဆောက်လုပ်နေမှု ၁၀၀% ပြီးစီးမှုအားလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)