မင်းလှမြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့‌ငွေများပေးအပ်

မင်းလှ ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီး ဆုံးရှုံးသွားသည့်နေအိမ်မှ အိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဩဂုတ် ၉ ရက်နေ့ နေ့လယ် ၃ နာရီချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာန ဦးစီးမှူး‌ဒေါ်ကေသီမြင့်နှင့် ဝန်ထမ်းများက  ဩဂုတ် ၈ ရက်နံနက်ပိုင်းတွင် ရွှေလောင်းကျေးရွာအုပ်စုနှင့် ဒီလှိုင်းကျေးရွာအုပ်စုတို၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်လူနေအိမ်(၆)လုံးနှင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၅၀၀၀၀)ကျပ်နှင့် အိမ်ထောင်စု(၆)စုရှိ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၂၃၁၀၀)ကျပ် စုစုပေါင်း (၃၇၃၁၀၀) ကျပ် အား ဘေးသင့်ပြည်သူများ လက်ဝယ်အ‌ရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)