မုံးကိုးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၃ ခုနှစ် အုပ်ချုပ်ရေးမှူးဖလား မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

မုံးကိုး ဩဂုတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့တွင် မြန်မာ့အားကစားနှင့်ကာယပညာ ပိုမိုတိုးတက်ဖွံဖြိုးရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့အဆင့်အားကစားပြိုင်ပွဲများကို နှစ်စဥ်မပျက် ကျင်းပဆောင်ရွက်လျက်ရှိရာ မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဖလား မီုးရာသီဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၈ ရက်နေ့ နေ့လယ် (၁း၀၀)အချိန်က ရပ်ကွက်(၃)၊ မနော်ကွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ပထမဦးစွာ ၂၀၂၃ခုနှစ်၊ မုံးကိုးမြို့အုပ်ချုပ်းရေးမှူးဖလားဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းတွင် နေရာယူခဲ့ကြပြီးအမှတ်(၉၉) ခြေလျင်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် မုံးကိုးအုပ်ချုပ်ရေးမှူး ဦးလျှံရှင်းမုံက အားကစားနှင့်ကာယပညာရပ်များကို ပိုမိုတိုးတက်ဖွံဖြိုးလာစေရန် ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ကြရန်နှင့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးတွင် ကျဆုံးခြင်းမရှိစေရန်၊ လူငယ်ဘဝပိုမိုတိုးတက်စေရန် အားကစားနည်းစနစ်ကောင်းများကို ဆက်လက်သင်ကြားနိုင်စေရန်အပြင် လူငယ်များလေ့ကျင့်သင်ကြားပြီး ထူးချွန်အားကစားသမားများအဆင့်ရောက်သည်အထိ မြန်မာ့အားကစားကို ယခင်ကထက် ပိုမိုထိုးဖောက်နိုင်ရန်အတွက် ကြိုးစားကြရန် အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ထိုနောက် ဘောလုံးပြိုင်ပွဲဝင် အားကစားပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပါသည်။ ဆက်လက်ပြီး မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိကြသူများ၊ မုံးကိုးမြို့အတွင်းရှိ အားကစားဝါသနာရှင်မိဘပြည်သူများနှင့် လာရောက်အားပေးကြသော ဒေသခံ မိဘပြည်သူပရိတ်သတ်များကို ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲ ဝင်ကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပါသည်။ မြို့အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌနှင့်တကွ ဌာနဆိုင်ရာအကြီးများက ပြိုင်ပွဲဝင်ကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲမစတင်မှီ အကအလှပဒေသာများနှင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ အားကစားသမားများ အလှည့်ကျ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ၎င်း၏ မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို မုံးကိုးမြို့အတွင်းရှိ ဌာနဆိုင်ရာအသင်း၊ တအောင်းလူငယ်အသင်း၊ မုံးကိုးဖောင်းဆိုင်ပြည်သူ့စစ်အသင်း၊ အမှတ်(၉၉)ခြေလျင်တပ်မဌာနချုပ်အသင်း၊ ကွတ်ခိုက်ပြည်သူ့စစ်အသင်း၊ MJH-CBEUnityFCအသင်း၊ ရပ်ကွက်(၇)အသင်း၊ ခါဆန်းအသင်း၊ ရပ်ကွက်(၄)အသင်း၊ ရပ်ကွက်(၆)အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်းစုစုပေါင်း (၁၀)သင်းနှင့် ပြိုင်ပွဲဝင်ကစား သမား ၁၀၀ ကျော်တို့က ဩဂုတ်လ(၇)ရက်နေ့မှ (၂၄)ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ထို့အပြင် ဩဂုတ်လ(၂၄)ရက်နေ့တွင် နောက်ဆုံး(final)အဆင့်အထိ တက်ရောက်သော အသင်း(၁၀)သင်းအား ထပ်မံယှဉ်ပြိုင်စေလျက် Coubpe Des Clubs Champions Eukopeens ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ ဂိုးသမားအကောင်းဆုံး၊ ဂိုးသွင်းအများဆုံးဆု၊ အကောင်းဆုံးကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ ပွဲစဥ်တစ်လျှောက်အသင်းလိုက် အသန့်ရှင်ဆုံးဆုနှင့် နည်းပြအကောင်းဆုံးဆုများကို အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို မုံးကိုးမြို့အတွင်းရှိ ဘောလုံးအားကစားဝါသနာပါသူများသည်  ကြိုတင်ပြင်ဆင်လေ့ကျင်ထားရန်အတွက် ဇူလိုင်လအစပိုင်းမှစ၍ လေ့ကျင်ခဲ့ကြကြောင်း သိရပါသည်။

မေစံပယ်ဖူး(မုံးကိုး)