သတင်းများ

တပ်ကုန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စုများနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြိုင်ပွဲကျင်းပ
Aug 16,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ကျောင်းသား၊ ကျောင်းသူများ အာဟာရအစာအုပ်စုများကို ပိုမိုသိရှိ အောင် ရည်ရွယ်ကျင်းပသည့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အာဟာရအစာအုပ်စု နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပသည်။
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာအလယ်တန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ ပြုလုပ်                                                                                 
Aug 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအလယ်တန်းအဆင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်း(ကျောတိုက်)တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 16,2023
ကျောင်းသား/ကျောင်းသူများ ကျန်းမာရေး အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအသိပညာရေး ဟောပြောခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်က ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ပုံညာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် Woman Club အဖွဲ့မှ စာဖတ်ဝိုင်း ပြုလုပ်
Aug 16,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအသင်း (Woman Club) တို့ ပူးပေါင်း၍ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်” အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပ ပြုလုပ်ခဲ့သည်။
သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 16,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာ ဗဟုသုတ မြင့်မားရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ် ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 16,2023
မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စလင်းမြို့နယ် ကူတိုကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍  စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  သြဂုတ်လ (၁၅) ရက် နံနက်(၉)နာရီ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လဲချားမြို့နယ် အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး
Aug 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က  စစ်ဆေးဆောင်ရွက်ခဲ့သည်။
မိတ္ထီလာခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 16,2023
မိတ္ထီလာမြို့ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အဆိုပါဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း တို့ပူးပေါင်းဆောင်ရွက်သော စာဖတ်ဝိုင်းကို ဩဂုတ် ၁၅ နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။