သတင်းများ

လားရှိုးမြို့တွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 16,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် “ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား” ကို ဩဂုတ်လ ၁၅ ရက် နံနက် (၉) နာရီအချိန်က လားရှိုးမြို့ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ၌ GW-11 စပါးမျိုး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု
Aug 16,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ ရေတွင်းကုန်းအုပ်စုရှိ ဆန်းသစ်လယ်/ထွေ သမဝါယမအသင်းမှ အသင်းသား ဒေါ်ဖြူဖြူဝင်း၏ကွင်းအမှတ် (၁၇၀) တွင် GW-11 စပါးမျိုးစိုက်ပျိုးနေမှုကို ဩဂုတ်လ (၁၄) ရက်နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများကိုဖယ်ရှား
Aug 16,2023
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်က မြဝတီ - ကော့ကရိတ် အာရှကားလမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၄၉ ဒသမ ၅)နှင့် မိုင်တိုင်(၁၅၁)ကြားတွင် မြေပြို၍ လမ်းပိတ်ခဲ့သည့်နေရာများကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် လမ်းတစ်ခြမ်းဖွင့်၍ အဆိုပါနေရာနှစ်ခုကြားတွင် ပိတ်မိနေသောကားများကို မြဝတီဘက်သို့ ပြန်လည်စေလွှတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေး သင်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 15,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းတို့ ပူးပေါင်း၍ သင်တန်းသားအမျိုးသမီးငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးတတ်သည့်အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲဆိုရဲသည့်သတ္တိ ရှိလာစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် လုပ်ငန်းသစ်ဝန်ဆောင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 15,2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ဆက်သွယ်ရေးဌာနခွဲက ဖွင့်လှစ်သည့် လုပ်ငန်းသစ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၁၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်
Aug 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဟမ်းဆီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဆရာမများက အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ကျောင်း သား၊ကျောင်းသူများအား ကျန်မာရေးစစ်ဆေးခြင်းကို အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့​ကြောင်း သိ ရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဟောပြောပွဲ အခမ်းအနား ကျင်းပ
Aug 15,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကြံခင်းမြို့နယ် (အ.ထ.က) ဘက်ရဲကျောင်းတွင် လူငယ်နှင့်စကားဝိုင်း ကျင်းပ
Aug 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ကျောင်းသား/သူလူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင်းမားစေရန် ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လည်ပိုင်းက   (အ.ထ.က) ဘက်ရဲကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်သည်။