မိုင်းယုမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Aug 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ဩဂုတ် ၁၄ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာအတွင်း၌ ကွင်းဆင်းပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။