သတင်းများ

တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ
Aug 16,2023
တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။               
ပခုက္ကူဈေးကွက်အတွင်း နွေကြက်သွန်နီဈေးပြန်လည်မြင့်တက်လာပြီး တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀အထက်ရောက်ရှိ
Aug 16,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်းတင်ပို့ရောင်းချသည့် နွေကြက်သွန်နီများပြန်လည်မြင့်တက်လာပြီး တစ်ပိဿာလျှင် ငွေကျပ်၂၀၀၀အထက်ရောက်ရှိလာကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။
ညောင်ရွှေမြို့၌ ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲပြုလုပ်
Aug 16,2023
ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ အသက်မွေးဝမ်းကျောင်းပညာရပ် တတ်မြောက်စေရန်နှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ပြည်နယ်တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာမှ ဖွင့်လှစ်ပို့ချသည့် ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင် သင်တန်းဆင်းပွဲကို ဩဂုတ် (၁၅) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Aug 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Aug 16,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေစပါးသီးနှံစိုက်ဧက ၁၄၁၃၀ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီး
Aug 16,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီက ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရန်အတွက် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် နွေစပါးသီးနှံစိုက်ခင်း ၁၄၁၃၀ ဧကအား ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လားရှိုးမြို့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သည့် တောင်သူများနှင့်မိုးစပါးမျိုးစေ့ထုတ်လုပ်ရန် ဆောင်ရွက်သည့် တောင်သူများအား ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
လားရှိုးမြို့တွင် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 16,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် “ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနား” ကို ဩဂုတ်လ ၁၅ ရက် နံနက် (၉) နာရီအချိန်က လားရှိုးမြို့ ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။